လက်တွေ့ကောင်ဆယ်လင်း နာရီမှတ်တမ်းစာအုပ်
လက်တွေ့ကောင်ဆယ်လင်း နာရီမှတ်တမ်းစာအုပ်ကို ကောင်ဆယ်လင်းလုပ်ငန်းဆောင်ရွက်သည့် နာရီများကို မှတ်တမ်းတင်ရန် အသုံးပြုပါသည်။
ကောင်ဆယ်လာများသည် ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် ၎င်းတို့၏ ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်အတွက် မိမိတို့၏
ဆွေးနွေးမှုအကြိမ်ရေများနှင့် ကျွမ်းကျင်မှုဆိုင်ရာ လှုပ်ရှားမှုများကို မှတ်တမ်းတင်ကြရသည်။
လက်တွေ့နာရီများကို မှတ်တမ်းတင်ခြင်းသည် ကောင်ဆယ်လာများအား မိမိတို့၏ အတွေ့အကြုံကို ပြန်လည်သုံးသပ်ရန်၊ လုပ်ငန်းပမာဏကို စောင့်ကြည့်ရန်နှင့် မိမိတို့၏ လုပ်ဆောင်ချက်များကို ကြီးကြပ်လမ်းညွှန်မှု (Supervision) မှတစ်ဆင့် အထောက်အပံ့ရရှိစေရန် ကူညီပေးပါသည်။ ထို့အပြင် ဤမှတ်တမ်းစာအုပ်သည် ကြီးကြပ်သူများ (Supervisors) အတွက်လည်း ကောင်ဆယ်လာ၏ လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ်နိုင်ရန်နှင့် လိုအပ်သည့်အခါ လမ်းညွှန်မှုပေးနိုင်ရန် အထောက်အကူပြုသည်။
လက်တွေ့နာရီများသည် Myanmar Professional Counsellor Pathwayအတွင်းရှိ ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကောင်ဆယ်လာတစ်ဦး၏ လုပ်ငန်းခွင်အဆင့်ဆင့် တိုးတက်ပြောင်းလဲမှုအတွက် အထောက်အကူပြုပါသည်။ မှတ်တမ်းစာအုပ်တွင် ရေးသွင်းချက်အားလုံးကို သက်ဆိုင်ရာ ကြီးကြပ်သူက အတည်ပြုလက်မှတ်ရေးထိုးရမည် ဖြစ်သည်။
စဉ်ဆက်မပြတ် ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်းစာအုပ်
OPD မှတ်တမ်းစာအုပ်ကို ကောင်ဆယ်လာများ၏ အစဉ်တစိုက် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် ကျွမ်းကျင်မှုဆိုင်ရာ သင်ယူလေ့လာမှုလှုပ်ရှားမှုများကို မှတ်တမ်းတင်ရန် အသုံးပြုပါသည်။
နှစ်သိမ့်ဆွေးနွေးသူများသည် ၎င်းတို့၏ ကျွမ်းကျင်မှု တိုးတက်စေရန်အတွက်တက်ရောက်ခဲ့သော သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အထူးပြု
ကျွမ်းကျင်မှု မြှင့်တင်ခြင်းများ၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း သင်ယူခြင်းများနှင့် အခြားသော လှုပ်ရှားမှုများကို မှတ်တမ်းတင်ရမည် ဖြစ်သည်။ Myanmar Professional Counsellor Pathway ရှိ OPD စနစ်သည် နာရီပေါင်းမည်မျှရှိသည်ကို ရေတွက်ရုံသက်သက်ထက် လှုပ်ရှားမှုတစ်ခုချင်းစီ၏ “သင်ယူမှုတန်ဖိုး” အပေါ် ပိုမိုအဓိကထားပြီး၊ ထိုလှုပ်ရှားမှုများက မိမိ၏ အသိပညာနှင့်ကျွမ်းကျင်မှုကို မည်သို့အထောက်အကူပြုသည်ကို ပြန်လည်သုံးသပ်ရန်တိုက်တွန်းပါသည်။
ဤမှတ်တမ်းစာအုပ်သည် နှစ်သိမ့်ဆွေးနွေးသူများအား မိမိတို့၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်မှုကို ခြေရာခံနိုင်စေရန်နှင့် ကြီးကြပ်လမ်းညွှန်မှုမှတစ်ဆင့်တာဝန်ယူမှုကို ထိန်းသိမ်းနိုင်စေရန် ကူညီပေးပါသည်။
OPD လှုပ်ရှားမှုအားလုံးကို မှတ်တမ်းစာအုပ်တွင် ရေးသွင်းရမည်ဖြစ်ပြီးသက်ဆိုင်ရာ ကြီးကြပ်သူက အတည်ပြုရမည်ဖြစ်သည်။ နှစ်သိမ့်ဆွေးနွေး
သူများသည် အရည်အချင်းအဆင့် တိုးမြှင့်ရန် ပြန်လည်သုံးသပ်သည့်အခါသို့မဟုတ် ကျပန်းစစ်ဆေးသည့် လုပ်ငန်းစဉ်များ (Random Audit) အတွင်းအထောက်အထားများ တင်ပြရန် လိုအပ်နိုင်ပါသည်။
Proudly powered by WordPress
