မိတ်ဖက်အဖွဲ့ဝင်စနစ်
မြန်မာနိုင်ငံ ကောင်ဆယ်လင်းဆိုင်ရာ လမ်းကြောင်း (Myanmar Professional Counsellor Pathway) သည် လက်ရှိတွင် ကောင်ဆယ်လင်း လမ်းကြောင်းအတိုင်း တက်ကြွစွာ လျှောက်လှမ်းနေသော အဖွဲ့ဝင်များကို အသိအမှတ်ပြုပေးလျက်ရှိသည်။ သို့သော်လည်း လက်ရှိတွင် ကောင်ဆယ်လာအဖြစ် အမှန်တကယ် လက်တွေ့ကျင့်သုံး လုပ်ကိုင်ခြင်းမရှိသော်လည်း နှစ်သိမ့်ဆွေးနွေးအကြံပေး ပညာရပ်နယ်ပယ်နှင့် စိတ်ကျန်းမာရေးကဏ္ဍတွင် ပါဝင်ကူညီ ပံ့ပိုးပေးနေကြသူများစွာလည်း ရှိနေပါသည်။
ထိုသူများတွင် မြန်မာနိုင်ငံ၏ ကောင်ဆယ်လင်း ပညာရပ်ကို ပိုမိုခိုင်မာအားကောင်းလာစေရန် မျှော်မှန်းချက်ခြင်း တူညီကြသည့် ပညာရေးဝန်ထမ်းများ၊ နည်းပြများ၊ သုတေသီများ၊ စိတ်ကျန်းမာရေး လှုပ်ရှားဆောင်ရွက်သူများ၊ အနားယူထားပြီးဖြစ်သော အကြံပေးပညာရှင်များနှင့် ဆက်စပ်နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ ပါဝင်နိုင်ပါသည်။
ရည်ရွယ်ချက်
မိတ်ဖက် အဖွဲ့ဝင်စနစ် (Affiliate Membership) ၏ ရည်ရွယ်ချက်များမှာ –
ကောင်ဆယ်လင်းနှင့် စိတ်ကျန်းမာရေးကဏ္ဍကို ပံ့ပိုးပေးသည့် ပိုမိုကျယ်ပြန့်သော ကျွမ်းကျင်ပညာရှင် အသိုက်အဝန်းတစ်ခုကို တည်ဆောက်ရန်။
ကောင်ဆယ်လာများနှင့် ဆက်စပ်နယ်ပယ်များမှ ပညာရှင်များအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးရန်။
လေ့လာသင်ယူမှု၊ ကွန်ရက်ချိတ်ဆက်မှု၊ စိတ်ကျန်းမာရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများနှင့် ပညာရပ်ဆိုင်ရာ ပါဝင်ကူညီမှုများအတွက် အခွင့်အလမ်းများ ဖန်တီးပေးရန်။
အမှန်တကယ် လက်တွေ့ကျင့်သုံး လုပ်ကိုင်နေသော ကောင်ဆယ်လာများနှင့် ပညာရပ်နယ်ပယ်ကို ပါဝင်ပံ့ပိုးပေးနေသော လက်တွေ့မလုပ်ကိုင်သူများကို အများပြည်သူ ရှေ့မှောက်တွင် ရှင်းလင်းပြတ်သားစွာ ခွဲခြားသိရှိနိုင်စေရန်။
လျှောက်ထားနိုင်သည့် အရည်အချင်းများ
မိတ်ဖက် အဖွဲ့ဝင်စနစ် (Affiliate Membership) ကို ကောင်ဆယ်လင်းနှင့် စိတ်ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးနေသော အောက်ပါ ပုဂ္ဂိုလ်များ လျှောက်ထားနိုင်ပါသည် –
- ကောင်ဆယ်လင်းဆိုင်ရာ ပညာပေးသူများနှင့် နည်းပြ/ကထိကများ
- သင်တန်းဆရာများနှင့် ဆွေးနွေးပွဲ ဦးဆောင်ကျင်းပသူများ (Facilitators)
- သုတေသီများ
- စိတ်ကျန်းမာရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်သူများ (Advocates)
- ကောင်ဆယ်လင်း လုပ်ငန်းခွင်မှ ယာယီအနားယူထားသူများ
- အနားယူထားပြီးဖြစ်သော ကောင်ဆယ်လာများ
- လမ်းကြောင်း၏ ရည်ရွယ်ချက်များကို ပံ့ပိုးပေးသည့် ဆက်စပ်နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ
- ကောင်ဆယ်လင်းပညာရပ်ကို စိတ်ပါဝင်စားသော စိတ်ပညာရှင်များနှင့် စိတ်ကျန်းမာရေးဆရာဝန်များ
- ကောင်ဆယ်လင်းကို ကိုယ်တိုင် လက်တွေ့ခံယူဖူးသည့် အတွေ့အကြုံရှိသူများ (သို့မဟုတ် မိသားစုဝင်များ)
လျှောက်လွှာများကို လမ်းကြောင်းဆိုင်ရာ ကော်မတီ (Pathway Committee) မှ စိစစ်ပြီး အတည်ပြုပေးမည် ဖြစ်ပါသည်။
ရရှိနိုင်သည့် အခွင့်အရေးနှင့် အကျိုးခံစားခွင့်များ
မိတ်ဖက် အဖွဲ့ဝင်များသည် လမ်းကြောင်း (Pathway) အသိုက်အဝန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာမည်ဖြစ်ပြီး အောက်ပါတို့ ကို ရရှိနိုင်ပါသည် –
လစဉ်ထုတ် လမ်းကြောင်းဆိုင်ရာ သတင်းလွှာ (Newsletter)
ပညာရပ်ဆိုင်ရာ အစည်းအဝေးများနှင့် အဖွဲ့ဝင်ပွဲများသို့ တက်ရောက်ရန် ဖိတ်ကြားချက်များ
သတ်မှတ်ထားသော လမ်းကြောင်းဆိုင်ရာ အရင်းအမြစ်များကို ဝင်ရောက်ကြည့်ရှုခွင့်
လေ့လာသင်ယူမှု အသိုက်အဝန်းများတွင် ပါဝင်ခွင့်
သတ်မှတ်ထားသော သင်တန်းအခွင့်အလမ်းများနှင့် ပညာသင်ဆုများအတွက် လျှောက်ထားနိုင်သည့် အရည်အချင်း
အများပြည်သူ ပညာပေးရေး၊ စိတ်ကျန်းမာရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်ရေး၊ သုတေသန သို့မဟုတ် လမ်းကြောင်း ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပါဝင်ကူညီခွင့် အခွင့်အလမ်းများ
လက်တွေ့ကျင့်သုံး လုပ်ကိုင်နေသော ကောင်ဆယ်လာများ၊ အခြားပညာရှင်များနှင့် ကွန်ရက်ချိတ်ဆက်ခွင့်
မိတ်ဖက် အဖွဲ့ဝင်စနစ် (Affiliate Membership) ၏ ရည်ရွယ်ချက်များမှာ –
ကောင်ဆယ်လင်းနှင့် စိတ်ကျန်းမာရေးကဏ္ဍကို ပံ့ပိုးပေးသည့် ပိုမိုကျယ်ပြန့်သော ကျွမ်းကျင်ပညာရှင် အသိုက်အဝန်းတစ်ခုကို တည်ဆောက်ရန်။
ကောင်ဆယ်လာများနှင့် ဆက်စပ်နယ်ပယ်များမှ ပညာရှင်များအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးရန်။
လေ့လာသင်ယူမှု၊ ကွန်ရက်ချိတ်ဆက်မှု၊ စိတ်ကျန်းမာရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများနှင့် ပညာရပ်ဆိုင်ရာ ပါဝင်ကူညီမှုများအတွက် အခွင့်အလမ်းများ ဖန်တီးပေးရန်။
အမှန်တကယ် လက်တွေ့ကျင့်သုံး လုပ်ကိုင်နေသော ကောင်ဆယ်လာများနှင့် ပညာရပ်နယ်ပယ်ကို ပါဝင်ပံ့ပိုးပေးနေသော လက်တွေ့မလုပ်ကိုင်သူများကို အများပြည်သူ ရှေ့မှောက်တွင် ရှင်းလင်းပြတ်သားစွာ ခွဲခြားသိရှိနိုင်စေရန်။
မှတ်ချက် – မိတ်ဖက် အဖွဲ့ဝင်စနစ် (Affiliate Membership) သည် ကောင်ဆယ်လင်း အရည်အချင်းစစ် လက်မှတ် မဟုတ်သည့်အပြင် မြန်မာနိုင်ငံ ကောင်ဆယ်လင်း ဆိုင်ရာ လမ်းကြောင်း (Myanmar Professional Counsellor Pathway) အတွင်း၌လည်း လက်တွေ့ကျင့်သုံး လုပ်ကိုင်နေသော ကောင်ဆယ်လာအဖြစ် အသိအမှတ်ပြုခြင်း မဟုတ်ပါ။
ကန့်သတ်ချက်များ
မိတ်ဖက် အဖွဲ့ဝင်များ၏ ကန့်သတ်ချက်များ (Affiliate Members):
မြန်မာနိုင်ငံ ကောင်ဆယ်လင်းဆိုင်ရာ လမ်းကြောင်း (Myanmar Professional Counsellor Pathway) အောက်တွင် လက်တွေ့ကျင့်သုံး လုပ်ကိုင်နေသော ကောင်ဆယ်လာများအဖြစ် အသိအမှတ်မပြုပါ။
မိတ်ဖက် အဖွဲ့ဝင်ဖြစ်မှုအပေါ် အခြေခံ၍ မိမိတို့ကိုယ်ကို မြန်မာနိုင်ငံ ကျွမ်းကျင် ကောင်ဆယ်လာများ အဖြစ် ကြော်ငြာခြင်း မပြုရပါ။
မိတ်ဖက် အဖွဲ့ဝင်ဖြစ်မှုမှတစ်ဆင့် ကုသမှု သို့မဟုတ် လက်တွေ့ဆွေးနွေးမှု နာရီပေါင်း (Clinical Hours) စုဆောင်းခွင့် မရှိပါ။
လမ်းကြောင်းအောက်တွင် သီးခြား အသိအမှတ်ပြုခံရခြင်း မရှိပါက ကောင်ဆယ်လာများကို ကြီးကြပ်ကွပ်ကဲပေးသူ (Supervisor) အဖြစ် ဆောင်ရွက်ခွင့် မရှိပါ။
