Photo 2026 06 29 15 21 43 1024x682

ကျွမ်းကျင်ကောင်ဆယ်လာဖြစ်လာစေမည့်လမ်းကြောင်း

ကျင့်ဝတ်နှင့်အညီ လက်တွေ့လုပ်ဆောင်မှု၊ စဉ်ဆက်မပြတ် လေ့လာသင်ယူမှုနှင့် လူသားများနှင့်လူ့အဖွဲ့အစည်း၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာသုခကိုအလေးထားသော လက်တွေ့လုပ်ဆောင်နေသူများ၊ပညာရှင်များနှင့် ကျောင်းသားများ ပါဝင်သည့်စိတ်အားထက်သန်သော ပညာရှင်အသိုက်အဝန်းသို့ ပူးပေါင်းလိုက်ပါ။ စိတ်ကျန်းမာရေးနယ်ပယ်သည် အစဉ်တစိုက် ပြောင်းလဲတိုးတက်နေသည်နှင့်အမျှ၊ သင်သည်လည်း ကောင်ဆယ်လင်းအတတ်ပညာ၏ ရှေ့တန်းတွင် ဆက်ရှိနေစေရန်ကျွန်ုပ်တို့ဘက်မှ အမြဲမပြတ် အတူတကွပြောင်းလဲတိုးတက်သွားရန် ကတိပြုပါသည်။

အသေးစိတ် ထပ်မံသိရှိလိုပါက သို့မဟုတ် ကျွန်ုပ်တို့၏ ပညာရှင်ကွန်ရက်တွင် ပါဝင်လိုပါက professionalcounsellormm@gmail.com မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

ကျွန်ုပ်တို့၏ အသိုက်အဝန်း

ကျွမ်းကျင်ကောင်ဆယ်လာ လမ်းကြောင်း(Professional Counsellor Pathway) သည် မြန်မာနိုင်ငံရှိ ကောင်ဆယ်လာများအတွက်ရှင်းလင်းသော အသိအမှတ်ပြုမှု အဆင့်ဆင့်ကိုသတ်မှတ်ပေးထားပါသည် ။ ၎င်းသည် အဆင့်တစ်ခုချင်းစီအလိုက် လုပ်ပိုင်ခွင့်နယ်ပယ်၊လက်တွေ့လုပ်ဆောင်မှု နာရီများ၊ ကြီးကြပ်ကွပ်ကဲမှု ခံယူမှုနှင့် စဉ်ဆက်မပြတ်လေ့လာမှုပွိုင့်များ (OPD) သတ်မှတ်ပေးခြင်းဖြင့် ဘေးကင်းပြီးကျင့်ဝတ်နှင့်ညီသော ဝန်ဆောင်မှု ဖြစ်စေရန်သေချာစေပါသည် ။

Photo 2026 06 29 09 11 56 1024x682

“Your Community for Pathways of Care
and Standards of Commitment”

Scroll to Top