မြန်မာနိုင်ငံပရော်ဖက်ရှင်နယ် ကောင်ဆယ်လာများအကြောင်း

မြန်မာနိုင်ငံပရော်ဖက်ရှင်နယ် ကောင်ဆယ်လာများ (Myanmar Professional Counsellors) သည် ကျင့်ဝတ်နှင့်အညီ လိုက်နာကျင့်သုံးမှု၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ တာဝန်ယူမှုနှင့် စဉ်ဆက်မပြတ် လေ့လာသင်ယူမှုတို့အပေါ် ကတိကဝတ်ပြုထားသော ကောင်ဆယ်လာများ၏အသိုက်အဝန်းဖြစ်ပါသည် ။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံအတွင်းရှိ တစ်ဦးတစ်ယောက်ချင်း၊ မိသားစုများနှင့် လူမှုအသိုက်အဝန်းများအတွက် ဘေးကင်းပြီး ထိရောက်သော ကောင်ဆယ်လင်း ဝန်ဆောင်မှုများဖော်ဆောင်ရာတွင် ကောင်ဆယ်လာများကို ပံ့ပိုးကူညီပေးရန် ဖြစ်ပါသည် ။

Pathway ဆိုသည်မှာ အဘယ်နည်း။

၎င်းသည် ကောင်ဆယ်လာများ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးရန် စနစ်တကျ ဖွဲ့စည်းထားသော မူဘောင်တစ်ခု ဖြစ်ပါသည် ။ ဤလမ်းကြောင်းသည် ကောင်ဆယ်လာများအား ကြီးကြပ်ကွပ်ကဲမှု (Supervision)၊ ပြန်လည်ဆန်းစစ်လေ့လာမှု (Reflective Learning) နှင့် စဉ်ဆက်မပြတ် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့မှတစ်ဆင့် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုများကို အားကောင်းလာစေရန် တိုက်တွန်းအားပေးပါသည် ။

မြန်မာနိုင်ငံတွင် ကောင်ဆယ်လင်းဆိုင်ရာ တရားဝင်ပညာရေးအစီအစဉ်များမှာ ဖွံ့ဖြိုးဆဲအဆင့်တွင်သာ ရှိသေးသဖြင့် ဤလမ်းကြောင်းသည် ကြီးကြပ်ကွပ်ကဲမှုအောက်တွင် လက်တွေ့ကျင့်သုံးခြင်း၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့်သင်ကြားမှုနှင့် ယခင်က သင်ယူခဲ့ဖူးသော အတွေ့အကြုံများကို အသိအမှတ်ပြုခြင်း (RPL) အပါအဝင် မတူညီသော သင်ယူမှုအတွေ့အကြုံများကိုအသိအမှတ်ပြုလက်ခံပေးပါသည် ။ ဤချဉ်းကပ်မှုသည် လေ့ကျင့်မှုနှင့် အသက်မွေးဝမ်းကျောင်း အတွေ့အကြုံများမှတစ်ဆင့်ကျွမ်းကျင်မှုရှိလာသော ကောင်ဆယ်လာများအား ကျင့်ဝတ်နှင့်အညီ ပံ့ပိုးပေးသော မူဘောင်အတွင်းမှ ၎င်းတို့၏ အရည်အချင်းကို ဆက်လက်တည်ဆောက်သွားနိုင်ရန် ခွင့်ပြုပေးပါသည် ။

ကျွန်ုပ်တို့၏ ကတိကဝတ်များ

ကျင့်ဝတ်နှင့်
အညီ လိုက်နာ
ကျင့်သုံးခြင်း

စဉ်ဆက်မပြတ်
လေ့လာသင်ယူခြင်း

တာဝန်ယူမှုရှိသော
လက်တွေ့
လုပ်ဆောင်မှု

Scroll to Top