မြန်မာနိုင်ငံပရော်ဖက်ရှင်နယ် ကောင်ဆယ်လာများအကြောင်း
ကျွမ်းကျင်နှစ်သိမ့်ဆွေးနွေးသူ လမ်းကြောင်းသည် မြန်မာနိုင်ငံရှိ နှစ်သိမ့်ဆွေးနွေးသူများအတွက် အသိအမှတ်ပြုမှု အဆင့်များကို ရှင်းလင်းစွာ သတ်မှတ်ပေးထားပါသည်။ အဆင့်တစ်ခုချင်းစီအလိုက် ဆောင်ရွက်နိုင်သည့် အတိုင်းအတာ၊ ဆေးခန်းအတွေ့အကြုံ နာရီ၊ Supervision နှင့် OPD အမှတ် လိုအပ်ချက်များကို သတ်မှတ်ပေးထားသဖြင့် ဘေးကင်း၍ ကျင့်ဝတ်နှင့်ညီသော လက်တွေ့ကျင့်သုံးမှုကို အာမခံချက်ပေးပါသည်။ ဤလမ်းကြောင်းသည် နှစ်သိမ့်ဆွေးနွေးသူများ၏ ကျွမ်းကျင်မှု တိုးတက်စေရန်နှင့် အရည်အသွေးမြင့် စောင့်ရှောက်မှုများ ပေးအပ်နိုင်စေရန် ထောက်ပံ့ပေးပါသည်။ အသေးစိတ် ဖတ်ရှုရန်နှင့် PDF ဖိုင် ဒေါင်းလုဒ်ယူရန် ဤနေရာကို နှိပ်ပါ။
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု (OPD) လမ်းညွှန်ချက်
ကျွမ်းကျင်ကောင်ဆယ်လာများသည် ၎င်းတို့၏ လုပ်သက်တစ်လျှောက်လုံး ဆက်လက်သင်ယူနေရန်မျှော်လင့်ပါသည် ။ ကျွန်ုပ်တို့၏ OPD စနစ်သည် နာရီအရေအတွက်ထက်လှုပ်ရှားမှုများမှ ရရှိသော သင်ယူမှုတန်ဖိုး အပေါ် ပိုမိုအဓိကထားပါသည် ။ OPDလှုပ်ရှားမှုများတွင် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ လုပ်ဖော်ကိုင်ဖက်များအချင်းချင်း သင်ယူခြင်း သို့မဟုတ် ကောင်ဆယ်လာ၏ ကိုယ်စိတ်ကျန်းမာရေးကိုထောက်ပံ့ပေးသော လှုပ်ရှားမှုများ ပါဝင်နိုင်ပါသည် ။
စဉ်ဆက်မပြတ် ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု (OPD) ဆိုင်ရာ လှုပ်ရှားမှုအားလုံးကို OPD မှတ်တမ်းစာအုပ် (Logbook) တွင် မှတ်တမ်းတင်ရမည်ဖြစ်ပြီးကြီးကြပ်သူ (Supervisor) များက အတည်ပြုပေးရမည်ဖြစ်သည်။ ပွင့်လင်းမြင်သာမှုနှင့် ကျွမ်းကျင်မှုဆိုင်ရာ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် အဖွဲ့ဝင်များကို ကျပန်းရွေးချယ်၍ အခါအားလျော်စွာ စစ်ဆေးမှုများ (Audits) ပြုလုပ်နိုင်ပြီး၊ ထိုသို့စစ်ဆေးသည့်အခါ နှစ်သိမ့်ဆွေးနွေးသူများသည် မိမိတို့၏ OPDလှုပ်ရှားမှု မှတ်တမ်းအထောက်အထားများကို တင်ပြရန် လိုအပ်နိုင်ပါသည်။
ဤစနစ်သည် နှစ်သိမ့်ဆွေးနွေးသူများအား ကြီးကြပ်မှုနှင့် ကျွမ်းကျင်မှုဆိုင်ရာစံနှုန်းများမှတစ်ဆင့် တာဝန်ယူမှုကို ထိန်းသိမ်းရင်း၊ မိမိတို့၏ သင်ယူမှုအတွက်ကိုယ်တိုင်တာဝန်ယူလာစေရန် တွန်းအားပေးပါသည်။
လုပ်ငန်းနယ်ပယ် ဆုံးဖြတ်ချက်ဆိုင်ရာ လမ်းညွှန်ချက်
လုပ်ငန်းနယ်ပယ်အတွင်း ဆုံးဖြတ်ချက်ချမှတ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်”(Scope of Practice Decision-Making Guideline) သည် ကောင်ဆယ်လာများအနေဖြင့် မိမိတို့၏ ကျွမ်းကျင်မှုအတိုင်းအတာ ဘောင်များကို နားလည်စေရန်နှင့် ကလိုင်းများနှင့် အလုပ်လုပ်ရာတွင် တာဝန်ယူမှုရှိသော ဆုံးဖြတ်ချက်များချမှတ်နိုင်စေရန် ကူညီပေးပါသည်။
ကောင်ဆယ်လာများသည် ကလိုင်းများ၏ လိုအပ်ချက်မှာ မိမိ၏ လက်ရှိလေ့ကျင့်ထားမှု သို့မဟုတ် အတွေ့အကြုံထက် ကျော်လွန်နေသော အခြေအနေမျိုးနှင့် ကြုံတွေ့ရနိုင်ပါသည်။ ဤလမ်းညွှန်ချက်သည် ကောင်ဆယ်လာများအနေဖြင့် အောက်ပါအချက်များကို ပြန်လည်သုံးသပ်နိုင်ရန် စနစ်တကျ ဘောင်ချ၍ ကူညီပေးပါသည်
- မိမိ၏ ကျွမ်းကျင်မှုအတွင်းမှနေ၍ ကလိုင်းယင့်နှင့် ဆက်လက်အလုပ်လုပ်ရန်
- ကြီးကြပ်လမ်းညွှန်မှု သို့မဟုတ် တိုင်ပင်ဆွေးနွေးမှု ရယူရန်
- ကလိုင်းယင့်အား အခြားကျွမ်းကျင်ပညာရှင်ထံ လွှဲပြောင်းပေးရန်(Referral)
ဤဆုံးဖြတ်ချက်ချမှတ်ခြင်းဆိုင်ရာ စံနှုန်းများ (Matrix) သည် ကောင်ဆယ်လာများအား မိမိတို့၏ လေ့ကျင့်မှုအဆင့်၊ အတွေ့အကြုံ၊ ရရှိနိုင်သော ကြီးကြပ်မှုအထောက်အပံ့နှင့် ကလိုင်းယင့်၏ လိုအပ်ချက် မည်မျှနက်နဲခက်ခဲသည် စသည့်အချက်များကို ထည့်သွင်းစဉ်းစားရန် တိုက်တွန်းပါသည်။
ဤလမ်းညွှန်ချက်သည် တင်းကျပ်သော စည်းမျဉ်းများ ထုတ်ပြန်ခြင်းထက်ကျင့်ဝတ်ဆိုင်ရာ ဆင်ခြင်တုံတရား၊ မိမိကိုယ်မိမိ သိရှိနားလည်မှုနှင့် တာဝန်ယူမှုရှိသော ကျွမ်းကျင်မှုဆိုင်ရာ လက်တွေ့ကျင့်သုံးမှုကို ပိုမိုမြှင့်တင်ပေးပါသည်။ ၎င်းသည် ကောင်ဆယ်လာများအနေဖြင့် မိမိတို့၏ အားသာချက်များကို သိရှိစေရုံသာမက၊ ကလိုင်းယင့်များ၏ ကောင်းကျိုးကို ကာကွယ်ရန်အတွက် နောက်ထပ်အကူအညီ သို့မဟုတ် လွှဲပြောင်းပေးရန်လိုအပ်သည့်အချိန်ကိုပါခွဲခြားသိမြင်နိုင်စေရန် အထောက်အကူပြုပါသည်။
